ဘိုကလေး မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်(၉)နာရီ အချိန်၌ ဘိုကလေးမြို့နယ် အမှတ်(၁)ရပ်ကွက် ဓမ္မာရုံတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အသိပညာပေး ဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် အခမဲ့ဆေးကုသခြင်းတို့ ဆောင်ရွက်ကြသည်။
ဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က လူနေမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပျော်ရွှင်ချမ်းမြေ့သော လူ့ပတ်ဝန်းကျင်တစ်ခု တည်ဆောက်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် စာများများ ဖတ်ရှုကြရန်လိုအပ်ကြောင်း စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများအား တိုက်တွန်းဟောပြောခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးပညာဦးစီးမှူး ဒေါ်ခိုင်မျိုးဦးက တိုင်းရင်းဆေးဝါးနှင့် စပ်လျဉ်းသော ကျန်းမာရေးဆိုင်ရာ ဗဟုသုတများအား ဟောပြောဆွေးနွေး၍ ရပ်ကွက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ဟောပြောပွဲနှင့် တိုင်းရင်းဆေးကုရာသို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)