မိုင်းပျဉ်းမြို့နယ်၌ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး ဆင့်ပွားသင်တန်းဖွင့်လှစ်

မိုင်းပျဉ်း  မတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မြို့နယ်ပညာရေးဌာနမှကြီးမှူး၍ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး ဆင့်ပွားသင်တန်းကို ၂၀၂၆ခုနှစ် မတ်လ၂၄ရက်က နံနက်ပိုင်းမှစတင်ကာ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်ပညာ ရေးမှူး ဦးကျော်လွင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရုံးအဖွဲ့ကြီးကြပ်(၃)ဦးဖြင့် နည်းပြဆရာ/ဆရာမ(၁၂)ဦးတို့က သင်တန်းကို သင်တန်းခန်း(၂)ခန်းခွဲ၍ ဆက်လက်ဆွေးနွေးပို့ချခဲ့ကြသည်။ အဆိုပါသင်တန်းကို မတ်လ၂၄ရက်နေ့မှ ၂၆ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ သင်တန်းတွင် ကြိုဆိုမိတ်ဆက်ခြင်း၊ ကျောင်းများတွင် စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးခြင်း၏ သဘောသဘာဝ၊ စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့်ရှောက်မှုပေးခြင်း၊ စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးခြင်း၊ ဘေးကင်းလုံခြုံပြီးကာကွယ်စောင့်ရှောက်မှုပေးသည့် သင်ယူပျော်ဝန်းကျင်တစ်ခုကိုဖန်တီးခြင်းနှင့် အကောင်အထည်ဖော်ရေးအစီအစဉ်စသဖြင့် အခန်းပေါင်း(၇)ခန်းပါဝင်သည့် ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမ(၁၃၅)ဦးတက်ရောက်ကြောင်း သတင်းရရှိသည်။

 နန်းသန္တာဦး(ပြန်/ဆက်)