ငါန်းဇွန် မတ် ၂၄
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့နယ်အတွင်းရောက်ရှိ နေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ယနေ့နံနက် ၈ နာရီခွဲက နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် လူတစ်ဦးလျှင် တစ်လငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် (၂၀၂၅ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) (၃)လစာအတွက် (၆၀၀၀၀)ကျပ်စီအား သက်ဆိုင်ရာရပ်ကွက်များရှိ စုရပ်နေရာများသို့ သွားရောက်ပြီး စိစစ်ထုတ်ပေးလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များက ယာယီနေရပ်စွန့်ခွာ မိသားစုဝင်များနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)