မြစ်သားမြို့နယ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မြစ်သား မတ်၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ပို့ချသည့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး ဆင့်ပွားဆွေးနွေးပွဲသို့တက်ရောက်သည့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများအား (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအ မှတ်သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ် ၂၄ ရက် နံနက် ၁၁ နာရီက ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ နှစ်(၈၀) ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ (၈၁)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်၏ ဂုဏ်၊ ဒြပ်များအား ဖော်ကျူးရေးသားထားသည့် ဆောင်းပါး၊ ဆောင်ပုဒ်၊ ကဗျာ၊ကာတွန်းများအား ပြည့်စုံစွာထည့်သွင်းအသိ ပညာပေးထားသည့် လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်‌ဝေပေးကြောင်း သိရသည်။

ဝင်းမင်းထွန်း (ပြန်/ဆက်)