ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၈၁)နှစ်မြောက် တပ်မတော်‌နေ့အကြို အထိမ်းအမှတ်လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်

ပြင်ဦးလွင် မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၆ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့အကြိုအထိမ်းအမှတ်အဖြစ်  ယနေ့မွန်းလွဲ ၁ နာရီက  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် နွေရာသီသင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအား(၈၁) နှစ်မြောက် တပ်မတော်နေ့အကြို အထိမ်းအမှတ်လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါလက်ကမ်းစာ‌စောင်တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သန္ဒိဌာန်စိတ်ထားဖြင့် ထာ၀စဉ်ရှင်သန်ရပ်တည်၊ တပ်မတော်၏ စွမ်းရည်သုံးရပ်၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်၊ အားသစ်စေကြောင်း ပြည့်သား‌ကောင်း၊ မဆုတ်မနစ်တဲ့ဇွဲလုံ့လနဲ့ ကျေပွန်အောင် ထမ်းဆောင်၊  စသည့် အကြောင်းအရာများပါ၀င်သည့် လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံချစ်စိတ်နှင့်မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ သည်။   

 သွေးသွေး (ခရိုင် ပြန်/ဆက်)