မြစ်သားမြို့နယ်၌ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှု့ဆက်ဆံရေးအထောက်အပံ့ပေးရေး မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မြစ်သား မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ် အခြေခံပညာကျောင်းများတွင် စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးခြင်းကို တစ်ကျောင်းလုံးနှင့်သက်ဆိုင်သည့် ပုံမှန်လုပ်ငန်းတစ်ရပ်အနေဖြင့် စနစ်တကျနှင့် ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကျောင်းသား၊ ကျောင်းသူများအား စိတ်ပိုင်းဆိုင်ရာကနဦးကူညီစောင့်ရှောက်မှုအချိန်မီပေးရန်စသည့် ရည်ရွယ်ချက်များဖြင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှု့ဆက်ဆံရေးအထောက်အပံ့ပေးရေး မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို မတ် ၂၄ ရက် နံနက် ၈ နာရီအချိန်က မြို့နယ်ပညာရေးမှုးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သင်းသီရိမှ ဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှု့ဆက်ဆံရေးအထောက်အပံ့ပေးရာတွင် ကျောင်းနေအရွယ်ကလေးငယ်များအား စိတ်ထိခိုက်စေနိုင်သည့် အချက်များမှကာကွယ်ခြင်းကို စည်းကမ်းတကျသင်ကြားပြသနိုင်ရန် ရည်ရွယ်၍ ဆွေးနွေးပွဲသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲကို သင်တန်မှူး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်နိုင်မင်း၊ သင်တန်းကြီးကြပ် ဆရာကြီး ၂ ဦး၊ သင်တန်းနည်းပြ ဆရာကြီး၊ ဆရာမကြီး ၁၈ ဦးတို့က ဦးဆောင်ကြီးကြပ်၍ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှု့ဆက်ဆံရေးအထောက်အပံ့ပေးရေး မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးသို့ မြစ်သားမြို့ နယ်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး ၂၀၀ ဦး ခန့် တက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလကို မတ်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ၃ ရက် ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)