ပြည်ကြီးတံခွန်မြို့နယ်၌ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး မြို့နယ်ဆင့် ဆင့်ပွားသင်တန်း ပြုလုပ်

ပြည်ကြီးတံခွန် မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး မြို့နယ်ဆင့် ဆင့်ပွားသင်တန်းကို မတ် ၂၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် ပြည်ကြီးတံခွန် မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာနိုင်က အနီးကပ်ကြီးကြပ်၍ သင်တန်းနည်းပြ ၉ ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလ မတ် ၂၄၊ မတ် ၂၆၊ မတ် ၂၈ ရက်နေ့အထိ တစ်ရက်ခြား ပို့ချမည်ဖြစ်ရာ သင်တန်းသား/ သူ ၈၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ပြန်/ဆက်)