ပေါက်ခေါင်း မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်၍ နွေရာသီ English Grammer သင်တန်းကို အ.ထ.က(ခွဲ) အမှတ်(၁) ကျောင်း၌ ယနေ့နံနက်ပိုင်းမှစတင်၍ (၃)ပတ်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို အ.ထ.က(ခွဲ) အမှတ်(၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအပြင် ရပ်သစ်၊ စိုင်ဂေါင်း၊ အုန်းရင်း၊ ဝက်တိုး စသည့် ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများပါ လာရောက်သင်ကြားလျက်ရှိပြီး နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်စေရန်နှင့် ကျောင်းသင်ခန်းစာများတွင်လည်း ပိုမိုသိရရှိနားလည်လာစေရန် အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများကိုယ်တိုင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
နွေရာသီ English Grammer သင်တန်းကို ဆရာ၊ ဆရာမ (၄) ဦးမှ ပညာဒါနအဖြစ် အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ(၅၄)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)