တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်သက်ကြီးဘိုးဘွားများအားကျန်းမာရေးစောင့်ရှောက်

တံတား  မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မတ် ၂၅ ရက် နံနက် ၉ နာရီက သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ‌‌ရေးဆရာမဦးဆောင်၍ ဝန်ထမ်းများက အပတ်စဉ်သက်ကြီးဘိုးဘွားများအား ဆေးဝါးကုသပေးခြင်းနှင့် အထွေထွေကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ရာ ယနေ့တွင် ဘိုးဘွား (၂၁)ဦး လာရောက်ဆေးကုသစစ်ဆေးမှုခံယူခဲ့ကြသည်။ ထိုသို့လုပ်ဆောင်ပေးခြင်းကြောင့်စားဝတ်နေရေးအတွက် ရုန်းကန်နေရသော မိသားစုများအနေဖြင့် မိမိတို့၏မိဘဘိုးဘွားများအားပြင်ပဆေးရုံ၊ ဆေးခန်းများတွင်မတတ်နိုင်၍ အိမ်တွင်းဆေးမှီးတိုဖြင့်ကုသဆောင်ရွက်ခဲ့ရသော အခက်အခဲများမှ လွတ်မြောက်ခဲ့ရကြောင်းနှင့် ယခုလိုအခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သော ဆရာမကြီးနှင့်တကွ ဝန်ထမ်းများကိုလည်း ကျေးဇူးတင်လျက်ရှိကြောင်း ဆေးကုသစစ်ဆေးမှုခံယူသောပြည်သူတစ်ဦးထံမှသိရသည်။

လှိုင်သူဇာ(ပြန်/ဆက်)