ရန်ကုန် မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်(Central Equipment Identity Register-CEIR)ဆိုင်ရာ အသိပညာပေး ရှင်းလင်းဟောပြောပွဲကို မတ် ၂၃ ရက် မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့နယ်အခွန်ဦးစီးဌာနရုံး၌ ကျင်းပသည်။
ဦးစွာ မင်္ဂလာဒုံမြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်နိုင်သူက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်(CEIR)ဆိုင်ရာနှင့်ပတ်သက်၍ ပြည်သူများပိုမိုသိရှိနိုင်ရေး အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောသည်။ ထို့နောက် တက်ရောက်လာကြသည့်လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း