ရေတာရှည် မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အထက ရေတာရှည် အောင်ဆန်းခန်းမ၌ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး (MHPSS) မြို့နယ်ဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး (MHPSS) မြို့နယ်အဆင့်သင်တန်း ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး ကျောင်းသားကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး၊ ပညာရည်တိုးတက်မြင့်မားရေးအတွက် စိတ်ပါဝင်စားစွာ ဆွေးနွေးသွားကြရန် ပြောကြားသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်ပညာရေးမှူးက အနီးကပ်ကြီးကြပ်၍ သင်တန်းနည်းပြများဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလကို မတ် ၂၄ ရက် နေ့မှ မတ် ၂၆ ရက်နေ့အထိ ၃ ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းသား/သူ ၂၇၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)