သဲကုန်း မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးခြင်း (မြို့နယ်အဆင့်) သင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း(သာဓု)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ် ပညာရေးမှူးဆရာကြီး ဦးစိုးမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သူဝင်းက သင်တန်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/ကျောင်းသူများအား နည်းပညာများနှင့်အတူ တိုးတက်ပြောင်းလဲလာသည့် ကမ္ဘာကြီးကို လက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များဖြ စ်စေရန်၊ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဆွေးနွေးပွဲကို သင်တန်းကာလကို မတ်လ ၂၄ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသားဆရာ၊ ဆရာမ စုစုပေါင်း ၁၉၇ ဦးအား သင်တန်းနည်းပြ ၁၈ ဦးဖြင့် ဆွေးနွေးသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)