လွိုင်လင် မတ် ၂၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ လွိုင်လင်မြို့ရှိ ကျောင်းသား/ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို မတ် ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်နှင့် ဦးစီးအရာရှိ ဒေါ်နန်းပြည့်စန္ဒီမြင့်တို့က တပ်မတော်နေ့အကြောင်း သိကောင်းစရာများအား အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ကိုကျင်းပရာ လွိုင်လင်မြို့ပေါ်ရှိ ကျောင်းများမှ ကျောင်းသား/ သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ရှိသူများက ဆုရရှိသူများအား ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)