ငါန်းဇွန်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

 

ငါန်းဇွန် မတ် ၂၅

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ မြို့နယ်အတွင်းရောက်ရှိ နေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ယနေ့ နံနက် ၉ နာရီက ရှင်ပင်မိုးကောင်းမြတ်စွာဘုရားဝင်းအတွင်းရှိ ဇရပ်တွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် လူတစ်ဦးလျှင် တစ်လငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် (၂၀၂၅ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) (၃) လစာအတွက် (၆၀၀၀၀) ကျပ်စီအား စိစစ်ထုတ်ပေးလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များက ယာယီနေရပ်စွန့်ခွာ မိသားစုဝင်များနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး (ငါန်းဇွန်)