မဟာအောင်မြေ မတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ စိတ်ကျန်းမာရေးနှင့် လူမှုအထောက်အပံ့ပေးရေးဆိုင်ရာဆွေးနွေးပွဲကို အ.ထ.က (၃) ကျောင်းတွင် မတ်လ ၂၄ ရက်မှ စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မဟာအောင်မြေမြို့နယ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးနှင့် တာဝန်ခံဆရာ၊ ဆရာမများ တက်ရောက်ဆွေးနွေးသည်။
ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဒေါ်စိုးစိုးက အနီးကပ်ကြီးကြပ်၍ သင်တန်းနည်းပြ ၅ ဦးဖြင့် စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလ မတ် ၂၄၊ မတ် ၂၆၊ မတ် ၂၈ ရက်နေ့အထိ တစ်ရက်ခြားပို့ချမည်ဖြစ်ရာ သင်တန်းသား/သူ ၆၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း