မိုင်းနောင်မြို့တွင် လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှုနှင့် မျိုးဆက်ပွားဆိုင်ရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းနောင် မတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လူကုန်ကူးမှု၊အကြမ်းဖက်မှု၊သက်ငယ်မုဒိန်းမှုနှင့် မျိုးဆက်ပွားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၀၂၆ ခုနှစ် မတ်လ(၂၄)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ပထမဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးစည်သူထွန်းက အဖွင့်အမှာစကားပြောကြားပြီး စခန်းမှူး ရဲအုပ်ဇော်ဝင်းက လူကုန်ကူးမှုနှင့်ပတ်သက်ဆက်နွယ်မှုအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နန်းမီးက အမျိုးသမီးငယ်များအကြမ်းဖက်ခြင်းမှကာကွယ်သည့် ဥပဒေများအကြောင်း၊ တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမဒေါ်နန်းမေထားက မျိုးဆက်ပွားဆိုင်ရာအသိပညာများကို ရှင်းလင်းဟောပြောခဲ့ကြောင်းသိရှိရသည်။

အဆိုပါဆောင်ရွက်မှုသည် ဗဟိုအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ၂၀၂၆ ခုနှစ် ရှေ့လုပ်ငန်းစဥ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်၍ အမျိုးသမီးငယ်များအတွက် ကာကွယ်ပေးထားသည့် အခွင့်အရေးဥပဒေများ၊ လူကုန်ကူးမှု၊အကြမ်းဖက်မှု၊သက်ငယ်မုဒိန်းမှုများကို ကာကွယ်စောင့်ရှောက်နိုင်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)