ကြံခင်း မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အဖြစ် ဆရာမောင်ကံတင်(ရေနံမြေ- ငြိမ်း) စီစဉ်သော "ပုရစ်ဖူး" ကဗျာစုစည်းမှူး အမှစဉ်(၃) စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ဦးစွာ ကြံခင်းမြို့နယ်၊ Book Club အဖွဲ့ဝင် မြန်မာနိုင်ငံစာရေးဆရာများအသင်း အဖွဲ့ဝင် ဆရာမိုးမြေသစ္စာက မုဒိသာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌လစဥ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရခြင်း၊ ကာယဥာဏပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ Online မှတဆင့် အသိပညာပေးလုပ်ငန်းစသည့် ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆရာမောင်ကံတင်(ရေနံမြေ-ငြိမ်း)က ကမ္ဘာ့ကဗျာနေ့ ဖြစ်ပေါ်လာရခြင်း အကြောင်းအား ရှင်းလင်းပြောကြားပြီး၊ အခမ်းအနားတက်ရောက်လာကြသော Book Club၊ Women Club၊ Youth Club အဖွဲ့များက အသီးသီး မိတ်ဆက်စကားများ ပြောကြားကြပြီးနောက် ဆရာမောင်ကံတင် (ရေနံမြေ- ငြိမ်း)ကဉီးဆောင်၍ ပုရစ်ဖူး ကဗျာစုစည်းမှူး(၃) စာအုပ်ပါ ကဗျာများအား အလှည့်ကျရွတ်ဆိုကြသည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဆရာမိုးမြေသစ္စာနှင့် ဆရာ ရာဇာငယ်ကနောင်တို့က မိမိတို့ရေးစပ်ထားသော ကဗျာများဖြင့် အသီးသီးရွတ်ဆိုကြသည်။
အဆိုပါ ကမ္ဘာ့ကဗျာနေ့အခမ်းအနားသို့ တက်ရောက်လာကြသူများအား (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူးတို့က ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)