မန္တလေးတိုင်းဒေသကြီးအဆင့် နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ချမ်းအေးသာစံ မတ် ၂၆

မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရူံးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နွေရာသီအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာမြင့်မိုရ်ခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ အား အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ ဘင်ခရာမောင်မယ်များက ကြိုဆိုခဲ့ကြသည်။ ဆက်လက်ပြီး အခမ်းအနားကျင်းပခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နွေရာသီအားကစားသင်တန်းအတွက် သင်တန်းသုံးသင်ထောက်ကူ အားကစားပစ္စည်းများအား ပေးအပ်ခဲ့ သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေလင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ် ပညာရေးမှူးများ၊ အားကစားနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

နွေရာသီအားကစားသင်တန်းတွင် Fitness dance၊ ကရာတေး၊ ဘောလုံးသင်တန်းများကို မတ်လ ၂၆ ရက်နေ့မှဧပြီလ ၅ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း  သိရသည်။

ချမ်းမြေ့မောင် (ချမ်း/စံ)