နွေရာသီကာလ ဒေသထွက်ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

လိပ်သို မတ် ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို​ဒေသရှိ ဒေသနေပြည်သူများမှာ နှစ်တိုနှစ်ရှည်သီးနှံပင်များကို စိုက်ပျိုးလျက်ရှိရာ ကွမ်းသီးပင်များကိုလည်း စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။

ဒေသတွင်း၌ ကွမ်းသီးပင်များကို မြစ်၊ ချောင်းပေါများသော တောင်ခြေများတွင်လည်းကောင်း၊ တောင်ပေါ်ဉယျာဉ်ခြံများတွင် ရေသွယ်၍ လည်းကောင်း စိုက်ပျိုးကြကြောင်း၊ လိပ်သိုဒေသတွင် သာမိုးတောင်၊ ကော်ပတ်ခြံ၊ မြသာကုန်း၊ ဇလဲအစရှိသည့် ကျေးရွာများ၌ ကွမ်းသီးပိုမိုထွက်ရှိပြီး ကွမ်းသီးခြောက်အဖြူ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဈေးရရှိနေကြောင်း၊ ဒေသထွက်ကွမ်းသီးများမှာ အရည်အသွေးကောင်းမွန် သောကြောင့် ဝယ်ယူသူများပြားလျက်ရှိကြောင်း သိရသည်။

နော်ဖလောရင်း