ညောင်တုန်း မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ကားဂိတ်၊ ဆိုက်ကားဂိတ်နှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ၂၇-၃-၂၀၂၅ ရက်နေ့ နှစ်(၈၀)ပြည့်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ (၈၁) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်၏ စွမ်းရည်သုံးရပ်၊ ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သံန္နိဋ္ဌာန်စိတ်ထားဖြင့် ထာဝစဉ် ရှင်သန်ရပ်တည်၊ အားသစ်စေကြောင်း ပြည့်သားကောင်း ကဗျာ၊ ဆောင်ပုဒ်များနှင့် ကာတွန်းစသည့်တို့ ပါဝင်ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)