သံတောင်ကြီး မတ် ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ဒေသခံပြည်သူများက မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိစေရန် ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရုံးရှေ့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် မြန်မာနိုင်ငံသို့ဘိန်းစတင်ဝင်ရောက်လာပုံ၊ မူးယစ်ဆေးဝါးမသုံးစွဲမိစေရန်လိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲ ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကြိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများစသည့် အကြောင်းအရာများကို ပြသဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူများ၊ ကျောင်းသူကျောင်းသားများနှင့် လူငယ်လူရွယ်များက စိတ်ပါဝင်စားစွာ လာရောက်ဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ယခုကဲ့သို့ မူးယစ်ဆေးဝါးဆိုးကြိုးအန္တရာယ်ကို သိရှိစေရန်ပြသပေးသည့်အတွက်လူငယ် လူရွယ်များ၊ ကလေးသူငယ်မများ အသိပညာဗဟုသုတရရှိစေပြီး၊ မူးယစ်ဆေးဝါးကိုရှောင်ကြဉ်နိုင်စေရန်ပြသ ပေးခြင်းကြောင့် ပြည်သူများအတွက်များစွာအကျိုးကျေးဇူးရရှိစေကြောင်း နံရံကပ်စာစောင် လာရောက်ကြည့်ရှုသူ ဒေါ်နော်အယ်ဝါးထံက သိရသည်။
နော်နော်မူ