မိုင်းဆတ် မတ် ၂၆
၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီတွင် အမျိုးသမီးသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ဉီးတည်ချက်များ၊ တပ်မတော်၏ စွမ်းရည်သုံးရပ်၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ “ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သိန္နိဌာန်စိတ်ထားဖြင့် ထာဝစဉ်ရှင်သန်ရပ်တည်” ခေါင်းစဉ်ဖြင့်ဆောင်းပါး၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ ၂၇-၃-၂၀၂၅ ရက်နေ့၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းမှ “မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ကျေပွန်အောင်ထမ်းဆောင်” ခေါင်းစဉ်ဖြင့် ကောက်နုတ်ချက်၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ကြေးမုံသတင်းစာမှ ဇော်မင်းမင်းဦး၏ “အားသစ်စေကြောင်း ပြည့်သားကောင်း” ခေါင်းစဉ်ဖြင့် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က စောင်ရေတစ်သိန်းအခမဲ့ထုတ်ဝေခြင်းဖြစ်ပြီး မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စောင်ရေ(၄၉၅)စောင် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)