ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီချွေတာသုံးစွဲရေးနှင့် ဈေးနှုန်းထက် ဈေးမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး အသိပေးဆောင်ရွက်

ဆိပ်ဖြူ မတ် ၂၆

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ချက်များနှင့် စက်သုံးဆီများရောင်းချခြင်း ရှိ/မရှိနှင့် စက်သုံးဆီချွေတာသုံးစွဲရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနကော်မတီတာဝန်ရှိသူများ ပူးပေါင်း၍ စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရန် စက်သုံးဆီများတရာမဝင်ရောင်းချမှုမရှိရေး၊ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီမျိုးအစားအလိုက် လက်ကျန်ဆီအပေါ်မူတည်၍  ယာဉ်များအားလုံးသတ်မှတ် ဈေးများအတိုင်းရောင်းချပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိရေး၊ သတ်မှတ်ရက်အလိုက် သတ်မှတ်ယာဉ်များအား စက်သုံးဆီရောင်းချပေးရေးနှင့် အကြိမ်ကြိမ်တန်းစီ၍ တဆင့်ပြန်လည်ရောင်းချခြင်း၊ တရားမဝင်သိုလှောင်ခြင်း ရောင်းချခြင်းမရှိစေရေး တို့ကိုကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)