ကျောက်ဆည်မြို့ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲ ကျင်းပ

ကျောက်ဆည် မတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့်ပဒေသာကပွဲကို မတ်လ ၂၆ ရက် နံနက် နာရီခွဲက အဆိုပါမူလတန်းကြို ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက အနာဂတ်တွင် ခေါင်းဆောင်ကောင်းများဖြစ်လာမည့် ကလေးငယ်များအားအကောင်းဆုံး ပြုစုပျိုးထောင်ကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်တင်တင်ထွေး၊ ဦးစီးအရာရှိ ဒေါ်မေဆုကျော်၊ ကျောက်ဆည်မြို့ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထက်ထက်မာက သားငယ်၊ သမီးငယ်(၈၉)ဦးအား ကျောင်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး သားငယ်၊သမီးငယ်များက “ဗမာမလေးပါရှင့်”၊ “မမအထာ”၊ ဗုံ ဗုံ ဗုံသင်္ကြန်” သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ပြီး  စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး