မိုးညို မတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပတ္တော်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက်ဝင်းအတွင်း၌ ကျန်းမာရေးဌာနမှ တီဘီရောဂါရှာဖွေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို မတ် ၂၅ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ မြို့နယ်တီဘီတိုက်ဖျက်ရေးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ပူးပေါင်း၍ (TB Mobile Team) အနေဖြင့် တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းနှင့် ပြည်သူလူထုအား ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ မိုးညိုမြို့နယ်၊ ပတ္တော်ကျေးရွာ ကျန်းမာရေးဌာနဝန်ထမ်းများက ပတ္တော်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား ကျန်းမာရေးအသိပညာပေးခြင်း၊ တီဘီရောဂါစစ်ဆေးပေးခြင်း၊ သံသယတီဘီလူနာ (၁၄၅) ဦးအား Digital X-ray စက်များဖြင့် ရိုက်ပေးခြင်းနှင့်စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ထိုသံသယလူနာများထဲမှ Active TB လူနာ (သစ်) IR (၅) ဦးနှင့် TPT (၂) ဦးတို့၏ သလိပ်နမူနာများကို Gene X-pert စစ်ဆေးရန် သာယာဝတီခရိုင်တီဘီဌာနသို့ ပို့ဆောင်စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)