မိုးနဲမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

မိုးနဲ မတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဈေးနှင့်လူစည်ကားရာနေရာများတွင် ယမန်နေ့နံနက်ပိုင်းက  ဖြန့်ဝေ‌ပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့်မိန့်ခွန်းမှကောက်နုတ်ချက်၊ အားသစ်စေကြောင်းပြည့်သားကောင်း၊ ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သိန္နိဋ္ဌာန်စိတ်ထားဖြင့် ထာဝစဉ်ရှင်သန်ရပ်တည်၊ (၈၁) နှစ်မြောက်  တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏ စွမ်းရည်သုံးရပ်၊  တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်သည် အမျိုးသားရေးကိုဘယ်တော့မှ သစ္စာမဖောက်၊ ကာတွန်းစသည့် အချက်များပါဝင်ပြီး လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန(ရုံးချုပ်)မှ အခမဲ့ထုတ်ဝေခြင်းဖြစ်‌ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)