ဝမ်းတွင် မတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မတ် ၂၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
(၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သန္နိဋ္ဌာန်စိတ်ထားဖြင့် ထာဝစဥ်ရှင်သန်ရပ်တည်၊ (၈၁) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ စွမ်းရည်သုံးရပ်၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်၊ အားသစ်စေကြောင်း ပြည့်သားကောင်း၊ မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ ကျေပွန်အောင်ထမ်းဆောင်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
ဌေးလှိုင် (ဝမ်းတွင်း)