စမ်းချောင်း မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် (၈၁) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "သတင်း စကား" အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းက ဖြန့်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မျိုးဆက်သစ် လူငယ်မောင်မယ်များနှင့် ပြည်သူများဗဟုသုတတိုးပွားစေရန်အတွက် (၈၁)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏သမိုင်းကြောင်းတစ်လျှောက် ပြောင်းလဲဖွဲ့စည်းခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)၊ ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)၊ ဗမာ့မျိုးချစ်တပ်မတော် (PNA)နှင့် မျိုးချစ်ဗမာ့တပ်မတော် (PBF) စသည့်အကြောင်းအရာများကို ဖော်ပြထားသည်။
ထို့အပြင် တပ်မတော်၏စွမ်းရည်သုံးရပ်ဖြစ်သော စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းလုံးရေးစွမ်းရည်များအကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ (၂၇-၃-၂၀၂၅ )ရက်နေ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များနှင့် စာဆိုဇော်မင်းမင်းဦးရေးသားသည့် အားသစ်စေကြောင်း ပြည့်သားကောင်းကဗျာတို့ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
အဆိုပါ လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဦးစီးဌာနမှဝန်ထမ်းများက လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း(ပြန်/ဆက်)