ထားဝယ် မတ် ၂၇
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏စီမံမှုဖြင့် ကျောင်းနေအရွယ်ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုတန်ဖိုးရှိရှိအသုံးချတတ်စေရန်ရည်ရွယ်၍ နွေရာသီသင်တန်းများဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်အနားကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက သင်တန်းသားကျောင်းသား/သူများအနေဖြင့် သင်တန်းဆင်းသွားပြီးပါက သင်ကြားပေးလိုက်သော ဘာသာရပ်များကို မေ့ပျောက်မသွားစေရန် ဆက်လက်လေ့ကျင့်နေကြရန်လိုအပ်ကြောင်း၊ မိမိတက်မြောက်ထားသည့် ဘာသာရပ်များကို ပြန်လည်မျှဝေပေးကြရန်လိုအပ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစာကို ကြိုးစားသင်ယူကြရန် လိုအပ်ပြီးကျောင်းစာအပြင် ပြင်ပဗဟုသုတများကို လည်းလေ့လာကြရန်လိုအပ်ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ဌာနကဆောင်ရွက်ပေးလျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်သင်ကြားပေးသော ပန်းချီပညာရှင်များနှင့် တာဝန်ရှိသူများကို ဌာနအနေဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများကသင်တန်းများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်းသတင်းရရှိသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)