ပုဇွန်တောင်မြို့နယ် ကလေးစာဖတ်ခန်း၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုသောအားဖြင့် ပြိုင်ပွဲများ ကျင်းပ

ပုဇွန်တောင် မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုသောအားဖြင့် ပြိုင်ပွဲများကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်သီရိခိုင် က (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုသောအားဖြင့် ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသားကျောင်းသူများအား ဉာဏ်စမ်းပြိုင်ပွဲ၊ ဘယ်ခြေညာလက်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရာ ကျောင်းသားကျောင်းသူ (၂၅)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်