ပြည်ခရိုင်၌ Fire Hotspot ဖြစ်ပေါ်မှုလျော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ပြည် မတ် ၂၇

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် Fire Hotspot ဖြစ်‌ပေါ်မှုလျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေးဒေသခံပြည်သူများနှင့်‌ တွေ့ဆုံဆွေးနွေး ဟောပြောပွဲအခမ်းအနားကို မတ် ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပုလဲသီတာခန်းမ၌ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ခရိုင် / မြို့နယ် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။

ဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုူးချုပ် ဦးအောင်ကျော်မိုးက Fire Hotspot ဖြစ်ပေါ်မှုလျော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအကြောင်းနှင့် မီးခိုးမြူငွေ့လျော့ချရေးနိုင်ရေးအတွက် ဒေသအလိုက်ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက Fire Hotspot ဖြစ်‌ပေါ်မှုလျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများအကြောင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်စေသည့် တောင်ယာခုတ်ထွင်မီးရှို့ခြင်းနှင့် ရိုးပြတ်မီးရှို့ခြင်းများမပြုလုပ်‌ရေးအပါအဝင် မီးခိုးမြူငွေ့လျော့ချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေမှုများအား အသိပညာပေးဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက်လာကြသူများအား ခရိုင်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနဝန်ထမ်းများက မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)