အလုံ မတ် ၂၇
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို မတ် ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင် ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်မေနှင်းဝေက ကလေးအလုပ်သမာအကြောင်း၊ ကလေးသူငယ်များနှင့်ပတ်သက်ပြီး ပြဌာန်းထားတဲ့ ဥပဒေများအကြောင်း၊ ကလေးသူငယ်များအပေါ် တစ်သက်တာစိတ်ဒဏ်ရာနှင့် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများအကြောင်း၊ ကလေးအလုပ်သမားများ ပေါ်ပေါက်လာရသည့်အခြေခံအကြောင်းအရင်းများနှင့် ကလေးအလုပ်သမားအဖြစ်ခိုင်းစေခြင်းမှ ကာကွယ်နိုင်ရန် ပြည်သူလူထုအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင် ဦးအောင်စိုး၊ အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်မေနှင်းဝေနှင့် အဖွဲ့၀င်များ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသူ၊ သင်တန်းသားများနှင့်မိဘများ စုစုပေါင်း (၇၀) ဦးခန့် တတ်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကိုလည်း ကြည့်ရှုခဲ့ကြောင်းသိရသည်။
ရွှေလုံသား (ပြန်/ဆက်)