ဟင်္သာတမြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဟင်္သာတ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယမန်နေ့မွန်းလွဲပိုင်းက လူစည်ကားရာနေရာများဖြစ်သည့် ပဒေသာစျေးနှင့် ဌေးဝင်းဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်ပြည်သူများ၊ ရုံးကြီးရပ်ကွက်နှင့် ဥယျာဉ်မြောက်ရပ်ကွက်နေ ပြည်သူများ၊ ကားဂိတ်များ၊ အဝေးပြေးယဉ်လိုင်းများနှင့် အမှတ်(၁) အခြေခံပညာကျောင်းရှိ ပညာရေးဌာနသင်တန်းတို့တွင် သွားရောက်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာ ဦးဆောင်သော ဝန်ထမ်းများက အခမဲ့လိုက်လံဖြန့်ဝေ ပေးခဲ့ကြသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ (၈၁)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်၏စွမ်းရည်သုံးရပ်၊ အားသစ်စေကြောင်း ပြည့်သားကောင်း၊ တပ်မတော်၏ဂုဏ်၊ ဒြပ်များအား ဖော်ကျူးရေးသားထားသည့် ဆောင်းပါး၊ ဆောင်ပုဒ်၊ ကဗျာ၊ ကာတွန်းများ ကဏ္ဍပြည့်စုံစွာပါရှိကြောင်းနှင့် ယနေ့တွင် ဟင်္သာတခရိုင် ပြန်/ဆက်ရုံးဝန်ထမ်းများက ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၈၁)နှစ်မြောက် တပ်မတော်နေ့ သတင်းစကား လက်ကမ်းစာစောင် (၅၀၀)အား ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)