ကြို့ပင်ကောက်မြို့နယ် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းခြင်းဆောင်ရွက်

ကြို့ပင်ကောက် မတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၌ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မတ် ၂၆ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသွေးလှူဒါန်းသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်ထမ်း (၁၀) ဦးအား မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ကူညီဆောင်ရွက်ပေးပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နေဇင်ယုနှင့်အဖွဲ့ဝင်များ အမျိုးသမီးရေးရာအဖွဲ့ဝင်များက သွေးလှူရှင်ဝန်ထမ်းများအား အားဖြည့်ဓါတ်စာများပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇေယျာထွန်း ( ကြို့ပင်ကောက်)