မြန်အောင်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မြန်အောင် မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်က လူစည်ကားနေရာများဖြစ်သည့် မြန်အောင်မြို့မ‌နေခြည်စျေး‌တွင် ဈေးရောင်း/ဈေးဝယ် ပြည်သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ (၈၁)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်၏စွမ်းရည်သုံးရပ်၊ အားသစ်စေကြောင်း ပြည့်သားကောင်း၊ တပ်မတော်၏ ဂုဏ်ဒြပ်များအား ဖော်ကျူးရေးသားထားသည့် ဆောင်းပါး၊ ဆောင်ပုဒ်၊ ကဗျာ၊ ကာတွန်းများ ကဏ္ဍပြည့်စုံစွာပါရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)