အလုံ မတ်၂၇
အလုံမြို့နယ် စောရန်ပိုင်အရှေ့ရပ်ကွက် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၌ မတ် ၂၅ ရက်နေ့ နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အနောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည့်စုံဦးဆောင်၍ မီးငြှိမ်းသတ်ယာဥ် (၁) စီး သန္တေမီးသတ်တပ်ဖွဲ့ဝင် (၇) ဦးတို့ဖြင့် မီးသတ်ဆေးဘူးအသုံးပြု၍ မီးအမျိုးအစားများအား ရှင်းလင်းခြင်း၊ မီးငြှိမ်းသတ်နည်း (၄) နည်းအား ရှင်းလင်းခြင်းစသည့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရမည့် ဗဟုသုတများကို အသိပညာပေးပြောကြားခဲ့ပြီး မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု အဆင့်ဆင့်အား လက်တွေ့သရုပ်ပြသခြင်း ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားသို့ တိုင်းစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်အေးဦးဆောင်၍ စာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်း (၁၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေလုံသား (ပြန်/ဆက်)