ဇီးကုန်းမြို့နယ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်စုပေါင်းသွေးလှူ

ဇီးကုန်း မတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူခြင်းကို ယနေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင် ဦးဆောင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းကာ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ကျန်းမာရေးအရ ပြည်သူများလိုအပ်ပါက အထောက်အကူရရှိစေရန်အတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်ဦးဆောင်သော တပ်ဖွဲ့ဝင်များက ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်း၍ သွေးလှူဒါန်းကြရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကိုကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြင်းနှင့် သွေးလှူဒါန်းရန်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ဖြည့်စွက်အာဟာရများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)