မိုင်းပန်မြို့နယ် (၈၁) နှစ်ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်း

မိုင်းပန် မတ် ၂၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ မြို့နယ်ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက်ပိုင်းတွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများမှ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် လိုအပ်သည့်သွေးများ စုပေါင်းလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းသည့်ဝန်ထမ်းများအား လိုအပ်သည့်ဆေးဝါးများနှင့် ကြက်ဥများပေးအပ်ခဲ့ကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)