ငရုတ်ကောင်း မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် (၈) နာရီအချိန်တွင် မြို့တွင်းရှိ လူစည်ကားရာနေရာများဖြစ်သော မြို့မစျေးကြီးနှင့် လူနေရပ်ကွက်များသို့သွားရောက်၍ ပြည်သူများအား (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ နှစ် (၈၀) ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက်၊ (၈၁) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်၏ ဂုဏ်၊ ဒြပ်များအား ဖော်ကျူးရေးသားထားသည့် ဆောင်းပါး၊ ဆောင်ပုဒ်၊ ကဗျာ၊ ကာတွန်းများအား ပြည့်စုံစွာထည့်သွင်းအသိပညာပေးထားကြောင်း သိရသည်။
ငရုတ်ကောင်း (ပြန်/ဆက်)