ကျုံပျော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင်  မီးဘေးကြိုတင်ကာကွယ်‌ရေး (Demonstration) လက်တွေ့သရုပ်ပြ

ကျုံပျော် မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး (Demonstration) သရုပ်ပြခြင်းကို  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျုံပျော်မြို့နယ်ရုံးတွင် ယမန်နေ့ည‌နေက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူး ဦးသန်းစိုးအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိန်ဘွင့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ မီးသတ်ဦးစီးအရာရှိ ဦးအောင်စိန်ဘွင့်က  မီးဘေးကြိုတင်ကာကွယ်ရေး အသိ၊ သတိရှိစေရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်‌ရန် မီးသတ်ဆေးဘူးနှင့် မီးငြှိမ်းသတ်ပုံ၊ ဆီမီးလောင်ကျွမ်းမှုကို မီးငြှိမ်းသတ်ပုံနှင့် မီးသတ်ဆေးဘူး အသုံးပြုပုံများအား  ဌာနဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)