စုံနံပါတ်အက္ခရာ/မနံပါတ်အက္ခရာမော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် ဆီဆိုင်များတွင် ဆီရောင်းချမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေး

အလုံ မတ် ၂၈

အလုံခရိုင်၊ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်းနှင့်ကမ်းနားလမ်းထောင့်ရှိ max ဆီဆိုင်တွင် ယမန်နေ့မွန်းလွဲပိုင်းက စုံနံပါတ်အက္ခရာ/မနံပါတ်အက္ခရာမော်တော်ယာဉ်များအား သတ်မှတ်ရက် အလိုက်ဆီဆိုင်များတွင် ဆီရောင်းချမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါကွင်း‌ဆင်းစစ်ဆေးမှုအား အလုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် ဝာာဝန်ရှိဌာနဆိုင်များ ပူးပေါင်းအဖွဲ့တို့သည် max ဆီဆိုင် မန်နေဂျာ ဦးထက်မျိုးလင်းနှင့်တွေ့ဆုံ၍ ဆီဆိုင်တွင် စုံ/မအလိုက်ဆီဖြည့်ပေးမှုရှိ/မရှိ ဆီမှောင်ခိုရောင်းချနေမှု ရှိ/မရှိ QRစနစ်ဖြင့်ရောင်းချနေမှုအား သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးထင်ဝင်းကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှဒုရဲအုပ် နေထွန်းနှင့် အဖွဲ့ဝင်များ၊ အမှတ် (၅၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(အလုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ရဲလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး သန်းဝင်းဇော်တို့ပါ၀င်သော ပူးပေါင်းအဖွဲ့ဖြင့် စိစစ်ခဲ့ကြောင်း သိရသည်။

ရွှေလုံသား (မြို့နယ်ပြန်/ဆက်)