မရမ်းကုန်းမြို့နယ်၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မရမ်းကုန်း မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အ‌ခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မရမ်းကုန်းမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ မြေလတ်ထင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မော်က  အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ (စမ်းချောင်း)စမ်းကိုက သင်တန်းအမှတ်ပေး စည်းမျဉ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတွင် ထူးချွန်းဆုရရှိသူများကို တာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မော်က သင်တန်းနည်းပြဆရာအား  ဂါရ၀ပြုလက်ဆာင်များ ပေးအပ်ခဲ့ပြီး  အလှူရှင်ဒေါ်ပိုပိုက ဆုရရှိသူများအား ဆုများထပ်မံချီးမြှင့်ခြင်းနှင့် သင်တန်းသား၊ သင်တန်းသူများ (၄၀) ဦးအား အအေးနှင့်မုန့်များ ကျွေးမွေးခဲ့သည်။

ယဉ်မော် (ပြန်/ဆက်)