သာကေတမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ရိုးရာခြင်းအလှခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

သာကေတ မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ရိုးရာခြင်းလုံး အလှခတ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီ တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသောအသင်းများ ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေများကို  ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

၂၀၂၆ ခုနှစ်၊ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ရိုးရာခြင်း အလှခတ်ပြိုင်ပွဲတွင်ပြိုင်ပွဲဝင် အသင်း (၁၁)သင်း ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရပြီး ပထမဆုကို ထူပါရုံအသင်းမှ လည်းကောင်း၊ ဒုတိယဆုကို  တစ်ခေတ်ဆန်းအသင်းကလည်းကောင်း၊ တတိယဆုကို နဝရတ်အ သင်းကလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

အဆိုပါ  (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ရိုးရာခြင်းလုံး အလှခတ်ပြိုင်ပွဲသို့  မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီတာဝန်ရှိသူများ၊ မြို့နယ်ခြင်းလုံး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန့်မာ့ရိုးရာခြင်းလုံးဝါသနာရှင် ပရိသတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)