ရွှေကျင် မတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်သီသီဆိုင်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်အတွင်း စိတ်လေလွင့်မှုမရှိဘဲ အားကစားကို စိတ်ပါဝင်စားစွာ လေ့ကျင့်စေခြင်းဖြင့် စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့်မားကာ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းများမှာ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ Fitness exercises စသည့် သင်တန်း စုစုပေါင်း(၃)မျိုးတို့ဖြစ်ပြီး သင်တန်းများကို ရွှေကျင်မြို့နယ် အားကစားကွင်း၊ မြို့မဘောလုံးကွင်း၊ အ-ထ-က(ရွှေကျင်)ကျောင်းတို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်သီသီဆိုင်နှင့်ဝန်ထမ်းများက သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ရွှေကျင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)