သန်လျင်မြို့နယ်ရှိ ဌာနဆိုင်ရာရုံးများ၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟော‌ပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများ ဆောင်ရွက်

ရန်ကုန် မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက အောင်ချမ်းသာရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဝင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်းအား ရှင်းလင်းပြောကြားခြင်းနှင့် ဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းသတ်နည်းများ သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးသတ်ဆေးဘူးအသုံးပြုနည်း ရှင်းလင်းရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)