သန်လျင်မြို့နယ်၌ တိုးချဲ့ကာကွယ်ဆေးထိုးမည့်အစီအစဉ်များ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန် မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု၌ (EPI) Expanded Programme on Immunization (တိုးချဲ့ကာကွယ်ဆေးထိုးအစီအစဉ်) များ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇင်နွယ်ဝင့်တို့မှ တိုးချဲ့ကာကွယ်ဆေးထိုးအစီအစဉ်များနှင့်ပတ်သက်၍ ကူညီပံ့ပိုးနိုင်ရေးတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ တိုးချဲ့ကာကွယ်ဆေးထိုးအစီအစဉ်များ ဆောင်ရွက်ရာသို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇင်နွယ်ဝင့်တို့က တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ ထိရောက်အောင်မြင်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)