ကော့သောင်းမြို့တွင် ( ၂၀၂၆) ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပလျက်ရှိ

ကော့သောင်း မတ် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ( ၂၀၂၆) ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်(၂၉)ရက်မှ ဧပြီ(၄) ရက်အထိ ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ကျင်းပလျက်ရှိသည်။

အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းများက သတ်မှတ်ဘာသာရပ်များအလိုက် ဖြေဆိုလျက်ရှိရာ မတ် ၂၉ ရက်က အခြေပြုမူလတန်းများက ဝိနည်းကျင့်ဝတ်ဘာသာ၊ ပထမငယ်တန်းများက ဘိက္ခုပါတိမောက်ဘာသာ၊ ပထမလတ်တန်းနှင့်ပထမကြီးတန်းများက ဒွေမာတိကာဘာသာရပ်များ ဖြေဆိုကြပြီး ယနေ့ ဒုတိယနေ့အဖြစ် ကစ္စည်းသဒ္ဒါကြီးဘာသာကို  ဖြေဆိုလျက်ရှိကြသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် နာယကဆရာတော်ကြီးများ၊ အမှုဆောင်နှင့်ကြီးကြပ်ရေးဆရာတော်ကြီးများ၊ ပုစ္ဆက၊ ဝိသဇ္ဇနဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး  စာရင်းရှိ စာဖြေသံဃာစာရင်း (၁၀၈)ပါးတွင် ကော့သောင်းမြို့နယ် စာသင်တိုက်မှ စာဖြေသံဃာများဖြစ်ကြသည့် အခြေပြုမူလတန်း(၄၇)ပါး၊ ပထမငယ်တန်း (၂၃)ပါး၊ ပထမလတ်တန်း(၁၀)ပါး၊ ပထမကြီးတန်း(၉)ပါး ပေါင်း (၈၉)ပါးဖြင့် ဖြေဆိုရာခိုင်နှုန်း ၈၂ ဒသမ ၄၂ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)