လှိုင်းဘွဲမြို့နယ်တွင် ဟိန္ဒူဘာသာဝင် ဟိန္ဒူရိုးရာမီးနင်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

လှိုင်းဘွဲ  မတ် ၃၀

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် ဟိန္ဒူဘာသာဝင်က ရေသပ္ပာယ်ခြင်း၊ မင်္ဂလာပန်းများဖြင့် လှည့်လည်ခြင်းနှင့်ရိုးရာမီးနင်းပွဲကို မတ် ၂၉ ရက် မွန်းလွဲပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟိန္ဒူရိုးရာပွဲကို လှိုင်းဘွဲမြို့ ဟိန္ဒူဘာသာရေးဥက္ကဌ ဦးဘာဘူကြီးမှူး၍ ဟိန္ဒူဘာသာဝင် ၃၀၀ ဦးခန့်တို့က လှိုင်းဘွဲချောင်းထဲတွင်ရေသပ္ပယ်ခဲ့ကြပြီး နို့အုန်းများ၊ ပန်းကုံးများထမ်းကာ လှည်းနှင့်ကားများ စီးဆွဲ၍ ဘားအံ-လှိုင်းဘွဲလမ်း၊ အာဇာနည်လမ်းနှင့်ကုန်သည်လမ်းအတိုင်း စရီကိုက်လာ စနာသရ် ဘုရားကျောင်းအထိ လှည့်လည်ပူဇော်ခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)