ဖြူးမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆို

ဖြူး မတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်ကစတင်၍ မြို့နယ်သာသနာ့ဗိမ္မာန်တွင်ဖြေဆိုခဲ့ကြောင်း သိရသည်။

အစိုးရပါဠိပထမပြန်စာမေးပွဲကို ဖြူးမြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော်ကြီးနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များကဦးဆောင်၍ ပထမရက်အနေဖြင့် ကျင်းပပြုလုပ်ရာတွင် စာဖြေသံဃာ၊ သီလရှင်ပထမကြီးဖြေဆို (၁၀)ပါး၊ ပထမလတ်ဖြေဆို (၁၈)ပါး၊ ပထမငယ်ဖြေဆို (၃၀) ပါး၊ အခြေပြုမူလတန်းဖြေဆို (၅၁) ပါး စုစုပေါင်း (၁၀၉) ပါးသည် ဒွေမာတိက၊ ဘိက္ခုပါတိမောက်၊ ဝိနည်းဘာသာများကို တန်းစဥ်အလိုက်ဖြေဆိုကြသည်။

အစိုးရပါဠိပထမပြန်စာမေးပွဲကို (၂၉-၃-၂၀၂၆) ရက်နေ့မှ (၄-၄-၂၀၂၆) ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ပြီး စာဖြေသံဃာ၊ သီလရှင်များအဆင်ပြေစွာ စာဖြေဆိုနိုင်ရေးအတွက် စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးပြီး နေ့စဉ်နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)