ခရမ်း မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ စာအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချခြင်းကို ယနေ့နံနက်(၇)နာရီမှစတင်၍ မြို့နယ်သကျမာရဇိန်သွန်းဘုရားကြီးဝန်းအတွင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၁)ဦးလျှင် စားအုန်းဆီ ၂ ပိဿာ ၅၀ ကျပ်သားဘူး (၁)ဘူးလျှင် (၂၁၀၀၀/-)နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ စားအုန်းဆီ ၃၃၀၀ ပိဿာအား နိုင်ငံ့ဝန်ထမ်းပင်စင်စားပြည်သူများ လက်ဝယ်အရောက် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
ခင်နှင်းဝေ (ခရမ်း ပြန်/ဆက်)